ပဲခူးမြစ်ကမ်းတလျှောက်တွင် တည်ရှိသော ကြယ်စင်အိမ်ရာ သည် ၁၃၅ဧကကျယ်ဝန်း၍ ဖွံ့ဖြိုးတိုးတက်နေသော အဆင့်မြင့်အိမ်ရာတစ်ခုဖြစ်ပြီး သန်လျင်မြို့နယ်အတွင်းတွင် တည်ရှိပါသည်။ အလယ်အလတ်နှင့်အထက် ၀င်ငွေရရှိသော စျေးကွက်အတွက် ဦးတည်ထားသော အိမ်ခြံမြေများမှာ ဆောက်လုပ်ဆဲ အဆင့်တစ်ခုသို့ ရောက်ရှိနေပြီး အိမ်ပေါင်း ၁၀၀၀၀လုံးနှင့် ၁.၇သန်း စတုရန်းပေကျယ်ဝန်းသော ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်သည့် နေရာမှာလည်း ဆောက်လုပ်ပြီးစီးလျှင် ပါ၀င်မည်ဖြစ်သည်။

ကြယ်စင်မြို့တော်၏ "မဝေးမကွာအတူရှိသောနေရာ" ဆိုသည့် ဆောင်ပုဒ်အရ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အိမ်ရာဝင်းထဲတွင်ပင် များပြားလှသော ၀န်ဆောင်မှုများနှင့် အဆင်ပြေလွယ်ကူစေမည့် ဆိုင်များ၊ စားသောက်ဆိုင်များ၊ စူပါမားကတ်တစ်ဆိုင်၊ အလှပြင်ဆိုင်၊ ဘဏ်လုပ်ငန်းအဆောက်အဦးများ၊ အမြဲတမ်းစိတ်ချရသော လုံခြုံရေး၊ သန့်ရှင်းရေးဝန်ဆောင်မှုများနှင့် ရန်ကုန်မြို့လယ်သို့ လွန်းပျံယာဉ်ဘတ်စ်ကား စသည့်ဝန်ဆောင်မှုများဖြင့် လွယ်ကူအစဉ်ပြေစေရန် စီစဉ်ထားပါသည်။ အားကစားနှင့်အပန်းဖြေခြင်းအတွက် ကျင်း၉ကျင်းပါသော ဂေါက်ကွင်းနှင့် ကားပတ်လမ်း၊ ရေကူးကန်၊ ကလေးများအတွက် မိုးလုံလေလုံအားကစားရုံနှင့် ခေတ်မီပစ္စည်းများ၊ ကိရိယာပြည့်စုံသော အားကစားခန်းမတို့ ပါ၀င်မည်ဖြစ်သည်။ ကြယ်စင်မြို့တော်၏ ဇုန်(က) နှင့် ဇုန်(ခ) တို့သည် အိမ်ရာဝင်းပြီးစီးမှု၏ ပထမအဆင့်နှင့် ဒုတိယအဆင့် တို့ဖြစ်၍ အများအားဖြင့် ရောင်းထွက်ပြီး ပိုင်ရှင်များလက်သို့ အပ်နှံလျက် ရှိပါသည်။ ယခု စုစုပေါင်း ၂၀၂၁ယူနစ်ရှိသည့်အနက် ၁၈၁၇ယူနစ် ရောင်းချရန် ကျန်ရှိနေပါသည်။ ဧရိယာအားဖြင့် ခန့်မှန်းခြေ စုစုပေါင်း၂.၇ သန်း စတုရန်းပေ ခန့် ငှားရမ်းနိုင်ပါသေးသည်။

ကြယ်စင်မြို့တော်၏ ဇုန်(က)တွင် တိုက်ခန်းများ ငှားရမ်းမှုမှာလည်း လူကြိုက်များလျက်ရှိသည်။ Star Residence ဟု လူသိများသော တိုက်ခန်းပေါင်း ၁၅၀ခန်း ပါ၀င်သော အဆောက်အဦးမှာလည်း မြန်မာနိုင်ငံတွင် နေထိုင်လိုသော နိုင်ငံခြားသားများအတွက် ငှားရမ်းရန် ရေပန်းစားနေသော ရွေးချယ်စရာ နေရာတစ်ခုလည်း ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်တွင် ကြယ်စင်မြို့တော် အနေဖြင့် ဖောက်သည်ဝန်ဆောင်မှု၊ လိုအပ်သော ၀န်ဆောင်မှုများပေးနိုင်ရန်နှင့် အိုင်တီဆောင်ရွက်မှုများ၊ အိမ်ခြံမြေအလှဆင်ခြင်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လုံခြုရေး၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ ပွဲတော်များနှင့် အိမ်ရာအတွင်းနေထိုင်သူများနှင့် ဆက်သွယ်ရေးအတွက် အစရှိသည့် ကျွမ်းကျင်သော စီမံခန့်ခွဲမှုဆိုင်ရာ ၀န်ဆောင်မှုများပေးရန်အတွက် ၀န်ထမ်းပေါင်း ၃၀၀ဦးအထက်ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။

ကြယ်စင်မြို့တော်၏ တတိယအဆင့်ဖြစ်သော ကြယ်စင်တာဝါမှာ အထပ်၂၅ထပ်နှင့် ၂၈ထပ်ကြားပါ၀င်သော ကွန်ဒို၆လုံး ပါ၀င်ပါမည်။ ပြီးစီးနေပြီဖြစ်သော တိုက်ခန်းပေါင်း ၉၅၄ခန်းပါ၀င်သည့် ခန့်မှန်းခြေ ၁.၂သန်း စတုရန်းပေ ကြမ်းပြင်ဧရိယာ အကျယ်အဝန်းပေါ်တွင် ရ၂၈ မှ ၂၂၀၀ စတုရန်းပေအထိ အကျယ်အဝန်းရှိ အိပ်ခန်းတစ်ခန်းမှ လေးခန်းအထိ ပါ၀င်ပါသည်။ ကျွန်ုပ်တို့၏ အရောင်းမိတ်ဆက်မှုကြောင့် ၉၅၄ခန်းတွင် ၃၃၄ခန်း ရောင်းချပြီး ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက http://www.galaxytowersyangon.com တွင် လေ့လာနိုင်ပါသည်။

ကြယ်စင်မြို့တော်သည် ယခုအကောင်အထည်ဖော်နေသော သီလဝါအထူးစီးပွားရေးဇုန် (SEZ) အနီးတွင် တည်ရှိသော တစ်ခုတည်းသော အကြီးမားဆုံး အိမ်ယာဖွံ့ဖြိုးရေး အဆောက်အဦး ဖြစ်သည့်အတွက် လက်ရှိဖွံ့ဖြိုးတိုးတက်နေခြင်း အပေါ်တွင် အဓိကအကျိုးခံစား ရမည်ဖြစ်သည်။ အဆိုပါ အထူးစီးပွားရေးဇုန် SEZ သည် ၂၄၀ဝဟက်တာ အကျယ်အဝန်းရှိသော ရန်ကုန်မြို့အတွင်းရှိ စီမံကိန်းဇုံတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရက အခွန်အကောက်နှင့် စီးပွားရေးမက်လုံးများ ရရှိနိုင်သော စက်မှုဇုံအဖြစ် ပြည်တွင်းနှင့် နိုင်ငံခြားမှ စက်မှုလုပ်ငန်းရင်းနှီးမြှပ်နှံမှုများ လာရောက်ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်တည်ထောင်ခဲ့ဖြစ်ပါသည်။

မကြာမီထပ်တိုးဖွင့်လှစ်မည့် နိုင်ငံတကာအဆင့်မီကျောင်း

ပန်းလှိုင်အိမ်ရာနှင့် ကြယ်စင်မြို့တော်တို့တွင် နိုင်ငံတကာအဆင့်မီ ကျောင်းဝင်းများကို ဆောက်လုပ်လျက်ရှိပြီး ကျွန်ုပ်တို့အဖွဲ့အစည်း၏ Pun Hlaing International Schoolမှ ကြီးကြပ်အုပ်ချုပ်သော Dulwich College International လည်း အပါအဝင်ဖြစ်ပါသည်။ Dulwich College Yangon သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဗြိတိန်နိုင်ငံနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော ကျော်ကြားသည့် လွတ်လပ်သော ဗြိတိသျှကျောင်း ဖြစ်ပါသည်။ ပန်းလှိုင်နှင့် ကြယ်စင်မြို့တော်ရှိ ကျောင်းခွဲနှစ်ကျောင်းသည် ရှန်ဟိုင်း၊ ဘေဂျင်း၊ ဆုဇိုး၊ ဆိုးလ် နှင့် စင်ကာပူ၊ ဆုဇိုးနှင့် ကျူဟိုင်း တွင်ရှိသော နိုင်ငံတကာ အထက်ကျောင်းနှစ်ကျောင်း နှင့်တကွ လန်ဒန်တွင် စတင်တည်ထောင်ထားသော Dulwich College နှင့်အတူ အာရှတွင်ရှိသော နိုင်ငံတကာအဆင့်မြင့်ကျောင်းများ၏ ၈ကျောင်းမြောက် မိသားစုဝင်ဖြစ်လာခဲ့ပါသည်။ Dulwich College Yangon၏ ကျောင်းဝင်းနှစ်ကျောင်းစလုံးမှာ ၂၀၁၇/၂၀၁၈ ပညာသင်နှစ်အတွက် ၂၀၁၇ ဩဂုတ်လတွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပါသည်။ အသေးစိတ် သိရှိလိုပါက http://www.dulwichcollege-yangon.com တွင် ကြည့်ရှုနိုင်ပါသည်။

Serge Pun & Associates (နှင့်) ပထမမြန်မာရင်းနှီးမြှပ်နှံမှုကုမ္ပဏီ

Serge Pun & Associates (Myanmar) Limited (“SPA”) သည် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေးနှင့် ဖြန့်ဖြူးခြင်း၊ ဝန်ဆောင်မှုကဏ္ဍ၊ မော်တော်ကား၊ စိုက်ပျိုးရေး၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုများ နှင့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ၁၉၉၁ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ Serge Pun & Associates (Myanmar) Limited (“SPA”)ကို Serge Pun ရင်းနှီးမြှပ်နှံမှုနှင့် လုပ်ငန်းများလုပ်ဆောင်သော ကုမ္ပဏီအဖြစ် ၁၉၉၁ခုနှစ်တွင် စတင်ခဲ့ပါသည်။ SPA ၏ ရင်းနှီးမြှပ်နှံမှုအားလုံးမှာ မြန်မာနိုင်ငံတွင် ပူးပေါင်းရင်းနှီးမြှပ်နှံထားသော First Myanmar Investment Co., Ltd နှင့် Yoma Strategic Holdings Ltd စသော စွမ်းဆောင်ရည်မြင့် ကုမ္ပဏီ၂ခုမှတဆင့် ဆောင်ရွက်လျက်ရှိပါသည်။ အသေးစိတ် သိရှိလိုပါက http://www.spa-myanmar.com တွင် လေ့လာနိုင်ပါသည်။

ပထမမြန်မာရင်းနှီးမြှပ်နှံမှုကုမ္ပဏီ (FMI)

FMI သည် ပြောင်းလဲလာသောဈေးကွက်စီးပွားရေးနှင့်အတူ ၁၉၉၀ပြည့်နှစ် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေပြဌာန်းချက်နှင့်အညီ အစောဆုံးတည်ထောင်ထားသော ကုမ္ပဏီဖြစ်ပါသည်။ ၁၉၉၂ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှုဆိုင်ရာစီမံခန့်ခွဲမှုကျွမ်းကျင်ပညာရှင်များ လိုအပ်နေသော ပြည်တွင်းရင်းနှီးမြုပ်နှံသူများနှင့်အတူ တဟုန်ထိုးအောင်မြင်လာခဲ့ပါသည်။ ၂၀၁၆ခုနှစ် မတ်လ၂၅ရက်နေ့တွင် FMI အနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဦးဆုံးစာရင်းဝင်ကုမ္ပဏီ ဖြစ်လာခဲ့ပါသည်။ FMI ၏ ခွန်အားသည် မဟာဗျူဟာမြောက်ဖြန့်ကျက်နိုင်ခြင်းပေါ်တွင်မူတည်ရုံမျှမက ပညာရှင်ဆန်သော စီမံခန့်ခွဲရေးရာအရ ကျွမ်းကျင်မှုနှင့်အတူ စည်းစနစ်ကျစွာအုပ်ချုပ်မှု၊ ပွင့်လင်းမြင်သာမှုများဖြင့် တည်ရှိနေခြင်း ဖြစ်ပါသည်။ FMI ဘုတ်အဖွဲ့သည် တင်းကျပ်သော အုပ်ချုပ်မှု၊ စည်းမျည်းစည်းကမ်းများကို လိုက်နာပြီး နှောင်ဖွဲ့မှုကင်းစွာဖြင့် လုပ်ဆောင်ချက်များကို ပြီးမြောက်သေချာစေခဲ့ပါသည်။ FMI ၏ လက်ရှိဦးတည်ချက်သည် ' မှတ်တိုင်၃ခု' မဟာဗျူဟာဖြစ်သော ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အိမ်ခြံမြေနှင့် ကျန်းမာရေးကဏ္ဍများတွင် ရင်းနှီးမြုပ်နှံလျက် အခြားဖွံ့ဖြိုးလာသော အခန်းကဏ္ဍများတွင် အခွင့်အလမ်းများ ဖြစ်ပေါ်လာစေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါက http://www.fmi.com.mm တွင် လေ့လာနိုင်ပါသည်။

Yoma Strategic Holdings Ltd.

စင်ကာပူနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် အဓိကစာရင်းတွင်ပါဝင်သော Yoma Strategic Holdings Ltdသည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ၊ အစားအသောက်၊ မော်တော်ကားနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ခရီးသွားစီးပွားရေးလုပ်ငန်းများစွာ ပေါင်းစုထားသော ဦးဆောင်စီးပွားရေး ကော်ပိုရေးရှင်းတစ်ခု ဖြစ်ပါသည်။ ၎င်းမိတ်ဖက်စီးပွားရေးပါတနာ အသီးသီးနှင့်အတူ SPA Group သည် မြန်မာနိုင်ငံ၏ မတူကွဲပြားသော စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်နေသော ကုမ္ပဏီလုပ်ငန်းစုကြီး ဖြစ်ပါသည်။ အုပ်ချုပ်မှုနှင့်ပွင့်လင်းမြင်သာမှု အညွှန်းကိန်း ၂၀၁၅ အရ ၁ဝရာခိုင်နှုန်းအထက်တွင် ရှိသည်ဟုသတ်မှတ်ခြင်းခံရပြီး ၂၀၁၅ Asean Corporate Governance Scorecard အဆင့်သတ်မှတ်ချက် ထိပ်ဆုံး ၁၀ဝတွင် အဆင့် ၁၇ရရှိရုံမျှမက အကောင်းဆုံးစီမံခန့်ခွဲမှုဘုတ်အဖွဲ့ (ငွေ)ဆုကို ၂၀၁၅ ၁၀ကြိမ်မြောက် Singapore Corporate Awardsတွင်ရရှိခဲ့ပါသည်။ အသေးစိတ် သိရှိလိုပါက http://www.yomastrategic.com တွင် လေ့လာနိုင်ပါသည်။