ကျောင်း

DULWICH COLLEGE YANGON

Dulwich College Yangon သည် ခေတ်သစ် ဗြိတိသျှပုဂ္ဂလိက ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ ရန်ကုန်တွင် ကျောင်းသစ်တစ်ကျောင်းဖြစ်သော်လည်း ပညာရေးလောကတွင် နှစ်ပေါင်း၄၀၀ကျော် အတွေ့အကြုံရှိသော ကျောင်း ဖြစ်ပါသည်။ Dulwich College London ကို ၁၆၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး UK ၏ သက်တမ်း အရင့်ဆုံးနှင့် ဂုဏ်သတင်းကြီးမားသော ပုဂ္ဂလိကကျောင်းများအနက် တစ်ကျောင်း အပါအဝင် ဖြစ်ပါသည်။ ဤကဲ့သို့ ပညာရေးလောကတွင် သက်တမ်းကြာရှည်မှုကြောင့် ရရှိလာသော အတွေ့အကြုံရင့်ကျက်မှု၊ အဖိုးတန် အရင်းအမြစ် များနှင့် စည်းကမ်းတင်းကျပ်သော ပညာသင်ကြားမှု စံချိန်စံနှုန်းများကို နိုင်ငံတကာတွင် တည်ထောင်ထားသော Dulwich College International ကျောင်းများစွာတွင် တပြေးညီ လိုက်နာကျင့်သုံးလျက် ရှိပါသည်။

Dulwich College Yangon သည် ရန်ကုန်မြို့တွင် ကျောင်းဝင်းနှစ်ခု တည်ထောင်ထားပြီး အသက်၂နှစ်မှ ၁၈နှစ် အထိ ကျောင်းသူ၊ကျောင်းသားများအတွက် အဆင့်မြင့်ပညာရေး ၀န်ဆောင်မှုများကို ၀န်ဆောင်ပေးလျက် ရှိပါသည်။ ကြယ်စင်မြို့တော်ကျောင်းဝင်းတွင် (Pre-school to Year 13 ) (အသက်၂ နှစ်မှ ၁၈နှစ်ထိ)၊ ပန်းလှိုင်ကျောင်းဝင်း တွင် (Pre-school to Middle School) (အသက်၂ နှစ်မှ ၁၃နှစ်ထိ) ကျောင်းသူ၊ ကျောင်းသားများကို လက်ခံ သင်ကြားပေးမည် ဖြစ်ပါသည်။

Dulwich College Yangon ၏ ကြယ်စင်မြို့တော်ကျောင်းဝင်းသည် ကျယ်ဝန်းစိမ်းလန်း၍ မြေဧက၂၀ အကျယ် အဝန်းရှိပြီး ကြယ်စင်မြို့တော်အိမ်ရာဝင်းအတွင်းတွင် တည်ရှိပါသည်။ ကမ္ဘာ့အဆင့်မီ ပညာရေးကို သင်ကြားပို့ချ နိုင်ယုံသာမက သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုများစွာကို ပံ့ပိုးပေးနိုင်ရန် ကျောင်းဝင်းအပြင်အဆင်ကို အထူး တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ DUCKS (အသက် ၂နှစ် မ ၇နှစ်အထိ)၊ Junior School (အသက် ရနှစ် မှ ၁၁နှစ်အထိ) နှင့် Senior School (အသက် ၁၁နှစ် မှ ၁၈နှစ်အထိ) စသော ကျောင်းသူ၊ ကျောင်းသားများအတွက် အထူးဒီဇိုင်း ရေးဆွဲထားသော သီးခြားကျောင်းဆောင်များကို နေရာ ၅ နေရာတွင် ခွဲခြား တည်ဆောက်ထားပါသည်။ ကျောင်းအဆောက်အဦးများကို စာသင်ခန်းအတွင်း သင်ကြားမှုနှင့် စာသင်ခန်းပြင်ပ သင်ကြားမှု ၂မျိုးစလုံးနှင့် လိုက်လျောညီထွေ ဖြစ်စေရန် စီစဉ်ထားပါသည်။

ကြယ်စင်မြို့တော်ကျောင်းဝင်းတွင် Rugby အားကစားကွင်း နှင့် ဘောလုံးကွင်းများ၊ မိုးလုံလေလုံ အားကစားရုံ တစ်ရုံ၊ မီတာ၅၀ ရှိ အိုလံပစ်စံချိန်မီ ရေကူးကန်နှင့် ပထမဆုံးစတင် ရေကူးသင်ကြားသူများအတွက် အသင်ရေကူး ကန်တို့ ပါ၀င်ပါသည်။ တည်ဆောက်မှုများအားလုံး ပြီးဆုံးချိန်တွင် အနုပညာစင်တာ၊ ပန်းချီနှင့်ဒီဇိုင်း သင်ကြားရေး အတွက် အဆောက်အဦး၊ သိပ္ပံဓာတ်ခွဲခန်းများလည်း ပါ၀င်လာမည် ဖြစ်ပါသည်။

Dulwich College Yangon သည် အာရှတစ်ခွင်တွင် ရှိသော ရှန်ဟိုင်း၊ ဘေဂျင်း၊ စူးကျိုး၊ ဆိုးလ် နှင့် စင်ကာပူတို့မှ College ကျောင်းပေါင်း ၆ ကျောင်းနှင့် သာမက စူးကျိုး နှင့် ကျူးဟိုင်တို့ရှိ Dulwich Internaional High School ကျောင်း ၂ ကျောင်း တို့နှင့်ပါ တစ်မိသားစုထဲ ဖြစ်ပါသည်။ Dulwich အုပ်စုတစ်ခုလုံး၏ တူညီသော အဓိက အချက်မှာ "students come first" ဟူ၍ ဖြစ်ပါသည်။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသကဲ့သို့ ယနေ့အချိန်၏ ကျောင်းသူ၊ကျောင်းသားများသည် နောက်အနာဂတ်တွင် ရိုးသားဖြောင့်မတ်ပြီး သတ္တိရှိစွာဖြင့် ဘဝမှ ပေးအပ် လာသော အခွင့်အလမ်းကောင်းများကို အရယူနိုင်သည့် တိုင်းပြည်မှ အားကိုးအားထားပြုရသော နိုင်ငံသား ကောင်းများ ပေါ်ထွန်းလာစေရန် ပြုစုပျိုးထောင်ပေးနိုင်ငံရေးကို Dulwich ကျောင်းများမှ ယုံကြည်ပါသည်။

ယခုလက်ရှိ Dulwich College Yangon အတွက် ကျောင်းဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်မြို့ရှိ ကျောင်းဝင်း၂ ခုစလုံးတွင် လက်ခံလျက်ရှိပါသည်။၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဖွင့်လှစ်မည့် ကြယ်စင်မြို့တော်ကျောင်းဝင်းအတွက် အသက်၂နှစ် မှ ၁၃နှစ်ရှိ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝင်ခွင့်လျှောက်လွှာများကို First Intake အဖြစ် စတင်လက်ခံနေပြီ ဖြစ်ပါသည်။ ပန်းလှိုင်ကျောင်းဝင်းတွင် အသက် ၂နှစ် မှ ၁၃နှစ် ကျောင်းသူ၊ကျောင်းသား များအတွက် ကျောင်းဝင်ခွင့်လျှောက်လွှာများကို Rolling basis (ရောက်ရှိ အပ်နှံ) စနစ်ဖြင့် လက်ခံပေးနေပါသည်။ အသေးစိတ် သိရှိလိုပါက admissions@dulwich-yangon.com.mm , သို့ email ပို့ပေးနိုင်ပါသည် သို့မဟုတ် ဖုံးနံပါတ် +၉၅ (၀) ၅၆၂ ၃၁၅၂ ext ၁၃၀၄ ကို ဆက်သွယ်မေးမြန်းနိုင်ပါသည် သို့မဟုတ် ကျောင်း၏ website ဖြစ်သောwww.dulwich-yangon.com.mm. ကို ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။