ကြယ်စင်မြို့တော်ကို လေ့လာကြည့်ခြင်း

လွှမ်းခြုံရေးဆွဲထားသော စီမံချက်

ဧရိယာ - တည်နေရာ အစီအစဉ်

ပဲခူးမြစ်ကမ်းတလျှောက်တွင် တည်ရှိသော ကြယ်စင်မြို့သည် ၁၃၅ဧကကျယ်ဝန်း၍ ဖွံ့ဖြိုး တိုးတက်နေသော အဆင့်မြင့်အိမ်ရာတစ်ခုဖြစ်ပြီး သန်လျင်မြို့နယ်အတွင်းတွင် တည်ရှိ ပါသည်။ ကြယ်စင်မြို့တော်သည် ရန်ကုန်မြို့လယ်မှ ၂၅မိနစ်၊ သန်လျင်မြို့သို့ ၁၀မိနစ် မောင်းရုံမျှဖြင့် အရောက်သွားလာနိုင်သည့် နေရာဖြစ်ပါသည်။ သီလဝါအထူး စီးပွားရေးဇုန် SEZကို ကြယ်စင်မြို့တော်မှ အချိန်တိုအတွင်းရောက်ရှိနိုင်ပါသည်။

လွှမ်းခြုံရေးဆွဲထားသော စီမံချက်ကို ယေဘုယျ လေ့လာခြင်း

ကြယ်စင်မြို့တော်၏ "မဝေးမကွာအတူရှိသောနေရာ" ဆိုသည့် ဆောင်ပုဒ်အရ မြန်မာနိုင်ငံ တွင် အိမ်ရာဝင်းထဲတွင်ပင် များပြားလှသော ၀န်ဆောင်မှုများနှင့် အဆင်ပြေလွယ်ကူ စေမည့်ဆိုင်များ ပါရှိမည့် ပထမဦးဆုံးသော အိမ်ရာအဆောက်အဦ ဖြစ်ပါသည်။ အိမ်ရာတွင် စုစုပေါင်း အိမ်အရေအတွက် ၁၀၀၀၀လုံးနှင့်၁.၇သန်း စတုရန်းပေရှိ စီးပွားရေးနေရာလည်း ပါ၀င်သည်။

ကြယ်စင်မြို့တော်သည် လူနေမှုဘဝအတွက် လိုအပ်သော ဆိုင်ခန်းများ၊ စားသောက်ဆိုင် များ၊ စူပါမားကတ်တစ်ဆိုင် ၊ အလှပြင်ဆိုင်၊ ဘဏ်လုပ်ငန်း နှင့် ရုံးခန်းအဆောက်အဦများ၊ အားကစားနှင့် အပန်းဖြေခြင်းအတွက် ကျင်း၉ကျင်းပါသော ဂေါက်ကွင်း နှင့် ဂေါက်လေ့ကျင့်သည့်နေရာ၊ ရေကူးကန်၊ ကလေးများအတွက် ကစားစရာ စုံလင်လှတဲ့ မိုးလုံလေလုံ ခေတ်မီကလေးကစားကွင်း နှင့် ခေတ်မီပစ္စည်းများ၊ ကိရိယာ ပြည့်စုံသော အားကစားခန်းမတို့ ပါ၀င်ပါသည်။

လူထုခန်းမ

လူထုခန်းမ

သင့်အားလပ်ချိန်တွင် စိမ်းလန်းစိုပြေ သာယာလှပသော ဥယျာဉ်အတွင်း သင်နှင့် မိသားစုတို့ အပန်းဖြေခြင်း၊ သူငယ်ချင်းမိတ်ဆွေများ နှင့်လည်း အစားအသောက်များ စားသောက် နိုင်ပြီး သင့်ဘဝ၏ လူမှုရေးကဏ္ဍအတွက် အဓိက ကျသော နေရာတစ်ခုအဖြစ် ဖန်တီးထားပါသည်။ ဤလူထုခန်းမသည် အမျိုးမျိုးသော လူနေမှုဘဝနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် ဒီဇိုင်းများဖြင့်ပေါင်းစပ် ထားပါသည်။

Transportation

Transportation

ကြယ်စင်မြို့တော် နှင့် ရန်ကုန်မြို့လယ်သို့ နေ့စဉ်ပြေးဆွဲပေးသည့် Shuttle Bus ကို စီစဉ်ပေးထားပါသည်။ တစ်နေရာမှ တစ်နေရာသို့ ပျမ်းမျှ ကြာချိန်မှာ ခန့်မှန်းခြေ ၃၅မိနစ်ခန့် ကြာမြင့်မီ ဖြစ်ပါသည်။ ထို့အပြင် ကြယ်စင် မြို့တော်တွင် နေထိုင်သူများ အတွက် ခရီးသွားလာရာတွင် ကသီလင်တနိုင်မှုများ ကင်းဝေးရန်အတွက် ကြယ်စင် မြို့တော်မြစ်ကမ်းနားဆိပ်မှ ရန်ကုန်မြို့လယ် စီးပွားရေး ခရိုင်သို့ ဆက်သွယ်ပို့ဆောင် ပေးမည့် ကြိုပို့ယာဉ်၀န်ဆောင်မှုကို စီမံကိန်းရေးဆွဲနေခြင်း၏ နောက်ဆုံးအဆင့်ရောက်ရှိ နေပြီ ဖြစ်ပါသည်။

Infrastructure

Infrastructure

ကြယ်စင်မြို့တော်အတွင်း နေထိုင်ကြသည့် လူဦးရေနှင့်အညီ လိုအပ်သော သောက်သုံးရေ နှင့် လျှပ်စစ်ဖြန့်ဖြူးခြင်းများကို WHO စံချိန်စံနှုန်းနှင့် အခြေခံကာ ဒီဇိုင်းရေးဆွဲ ထားပါသည်။ ထို့အပြင် ကြယ်စင်မြို့တော် အိမ်ရာစီမံခန့်ခွဲ ငှာနမှ နေထိုင်သူများအား ရေရှည်စောင့်ရှောက် ပေးခြင်း၊ လိုအပ်သည် များကိုစစ်ဆေး ပြုပြင်ဆောင်ရွက်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို လုပ်ဆောင်ပေးလျက် ရှိပါသည်။ ကြယ်စင်မြို့တော်တွင် နေထိုင် သူများ၏ ငှားရမ်းမှု စီမံခန့်ခွဲမှုများ အစရှိသော ၀န်ဆောင်မှုများကိုလည်း နိုင်ငံတကာ အတွေ့အကြုံရှိ၊ ကျွမ်းကျင်ပညာရှင်များ က ဆောင်ရွက်ပေး လျက်ရှိပါသည်။ အိမ်တွင်း အလှဆင်ခြင်းနှင့် အခန်းပြင်ဆင်ဖွဲ့စည်းခြင်းများကို ဒီဇိုင်းနာများနှင့် ညှိုနှိုင်းဆောင်ရွက် ပေးပါသည်။

Estate Management

Estate Management & Event Management

ကြယ်စင်မြို့တော်သည် သင့်၏အိမ် သာယာလှပစေရေးအတွက် အစဉ်အမြဲ ကြိုးစားလျက် ရှိပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်သော အိမ်ရာစီမံခန့်ခွဲမှု၊ ပြုပြင်ထိန်းသိမ်းရေး ၀န်ဆောင်မှုများ နှင့် အခြားလိုအပ်သော အထောက်အပံ့ပေးခြင်း စသည့် ၀န်ဆောင်မှု များက သင့်အိမ် အချိန်တိုင်း အစဉ်ပြေစေရေးအတွက် အကျိုးကျေးဇူးများ ဖြစ်ပါသည်။ ယုံကြည်စိတ်ချရသော အကောင်းဆုံးဗို့အားရှိ ၂၄နာရီ လျှပ်စစ်မီးဖြန့်ဖြူးပေးခြင်းနှင့် သန့်စင်သောရေများကို ရေသန့်စက်ရုံမှတစ်ဆင့် သုံးလိုသလောက်ရေအားကောင်းကောင်း ဖြန့်ပေးခြင်း စသော ၀န်ဆောင်မှုများကို ကြယ်စင်မြို့တော် မှ ၀န်ဆောင်မှု ပေးလျက် ရှိပါသည်။ အမြဲတမ်း ၂၄နာရီကင်း လှည့်နေသော လုံခြုံရေးနှင့် မီးဘေး ကာကွယ်ရေး ပစ္စည်းများကလည်း သင့်စိတ်ကိုလုံခြုံမှုပေးနိုင်ပါလိမ့်မည်။

ကျွန်ုပ်တို့၏ ပန်းဥယျာဉ်မှူးများကလည်း သင့်ပတ်ဝန်းကျင်တွင် ပိုးမွှားအန္တရာယ် ကင်းစင်ပြီး သာယာလှပသော ရှုခင်းကောင်းများကို ရရှိရန် စောင့်ရှောက်ပေးနေပါသည်။ သင့်လိုအပ်ချက်အရ ထပ်ဆောင်း ဝန်ဆောင်မှုများဖြစ်သော သင့်အခန်းကို သတ်မှတ်နှုန်း အတိုင်း ပုံမှန်သန့်ရှင်း ရေးလုပ်ပေးခြင်း၊ ကျွန်ုပ်တို့၏ Estate Management ၏သန့်ရှင်းရေးဋ္ဌာနမှ စီစဉ်လုပ်ဆောင် ပေးပါသည်။ စိတ်လှုပ်ရှားဖွယ်ရာ အခမ်းအနားပွဲ များနှင့် လှုပ်ရှားမှုများကိုလည်း ကျွန်ုပ်တို့ ၏Estate Management ဋ္ဌာနမှ ကျွမ်းကျင်သူ များ ကို တစ်နှစ်ပတ်လုံး လိုအပ်သလို စီစဉ် ပေးမှာလည်းဖြစ်ပါသည်။

Back To Community