လူနေမှုဘဝပုံစံ

Life Style

ပျော်ရွှင်သာယာသော ဘဝသည် အဖိုးအနဂ္ဂထိုက်တန်ပါသည်။

ကြယ်စင်မြို့တော်တွင် နေ့စဉ် လူမှုဘဝနေထိုင်မှုအတွက် လွယ်ကူအစဉ်ပြေအောင် စီစဉ်ထားရှိပါသည်။ မိသားစုများအတွက် နောင်မျိုးဆက်ပေါင်းများစွာတိုင် ကျန်ရစ် ခဲ့မည့် အမှတ်တရပေါင်းများစွားနှင့် နေရာတစ်ခုဖြစ်လာစေရန် ဖန်တီးထားပါသည်။ ကျွန်ုပ်တို့၏ ၀န်ဆောင်မှုအရည်အသွေးကို ထိန်းသိမ်းသောအားဖြင့် ကြယ်စင်မြို့တော် သည် သင်၏အဖိုးမဖြတ်နိုင်သော ဘဝအတွက် စိတ်အေးချမ်းဖွယ်ရာ နေရာတစ်ခု အဖြစ် ရှိနေပါသည်။

ငြိမ်းချမ်းပြီး ကျယ်ဝန်းသောနေရာ၊ သေချာသပ်ရပ်စွာထိန်းသိမ်းထားသော မြေပြင် အဆောက်အဦ အနေအထား၊ နှစ်သက်ဖွယ်ကောင်းသော ကမ်းနားပတ်ဝန်းကျင် အပြင်အဆင်တို့နှင့် အတူ ရှိနေခြင်းက သန့်စင်စိမ်းလန်းသောပတ်ဝန်းကျင်ကို သင့်ဆီယူဆောင်လာခဲ့ပါပြီ။

ကြယ်စင်မြို့တော်တွင် ပြီးပြည့်စုံသည့် ၀န်ဆောင်မှုများကို သင်အချိန်မကုန် အလုပ်မရှုပ်စေပဲ အဆင်ပြေလွယ်ကူစွာ ရရှိနိုင်ရန် စီစဉ်ထားရှိ ပါသည်။ ကြယ်စင်မြို့တော်တွင် နေထိုင်ခြင်းဖြင့် ပတ်ဝန်းကျင်ကောင်း၊ မိတ်ဆွေ ကောင်းများဖြင့်သာ တွေ့ဆုံရမည်မှာ အသေအချာပင်ဖြစ်ပါသည်။

ကောင်းမွန်သောဘဝတွင် နေထိုင်ခြင်း

Golf Course

ဂေါက်ကွင်း - (Pun Hlaing Links)

ကျင်း၉ကျင်းပါ၀င်သော အဆင့်မြင့်နည်းပညာများနှင့် တည်ဆောက်ထားသည့် ဂေါက်ကွင်းတွင် တစ်နှစ်ပတ်လုံးကစားနိုင်ပါသည်။ ဤဂေါက်ကွင်းကို အသေးစိတ် Links style ဂေါက်ကွင်းအဖြစ် သေချာစွာ ဒီဇိုင်းထုတ် ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။

ကစားပွဲမစမီ ဂေါက်ရိုက်စွမ်းရည်ကို လေ့ကျင့်ရန်အတွက် သဘာဝပတ်ဝန်းကျင် ရှိရာ Pun Haling Links Driving range တွင် လေ့ကျင့်နိုင်ပါသည်။

လွတ်လပ်သောဘဝတွင် နေထိုင်ခြင်း

အစားအသောက် အဖျော်ယမကာ၊ လက်လီနှင့် ၀န်ဆောင်မှုများ

စားသောက်ဆိုင်များနှင့် အခြား ၀န်ဆောင်မှုများ

ကြယ်စင်မြို့တော်တွင် နေထိုင်ခြင်းသည် သင်အလိုရှိသော ၀န်ဆောင်မှုများကို ကောင်းမွန်သည့် ဘဝအတွက် တစ်နေရာတည်းနှင့်၀ယ်ယူ ရရှိနိုင်ရန် စီစဉ်ထားပါသည်။ Super Market အပြင်အခြား‌သောအရောင်းဆိုင် အမျိုးမျိုး၊ စားသောက်ဆိုင်များနှင့် ဝန်ဆောင်မှုများစွာမှာ သင့်အိမ်အောက်ထပ် တွင်ပင် အလွယ်တကူ ရရှိနိုင်ပါသည်။ မြန်မာ၊ အီတလီနှင့် ဂျပန် ရိုးရာစတိုင် စားသောက်ဆိုင်များ၊ စူပါမားကတ်များ၊ အဝတ်လျှော်/ခြောက် ၀န်ဆောင် မှုဆိုင်နှင့် ဘဏ်များအားလုံး ပါ၀င်ပါသည်။

မိတ်ဆွေများနှင့်အတူအချိန်ကိုဖြတ်သန်းကုန်ဆုံးခြင်း

ကလေးများအတွက် မိုးလုံလေလုံ ခေတ်မီ ကစားကွင်း

ကလေးများအတွက် ကစားကွင်း

မိသားစုများအတွက် နောင်မျိုးဆက်ပေါင်းများစွာ တိုင်ကျန်ရစ်ခဲ့မည့် အမှတ်တရ ပေါင်းများစွားနှင့် နေရာတစ်ခုဖြစ်လာစေရန် ဖန်တီးထားပါသည်။ ကြယ်စင်မြို့တော်ရှိ ကလေးများအတွက် ကစားကွင်းသည် သင့်ကလေးငယ်များ ပျော်ရွှင်မွေ့လျော်မည့် နေရာတစ်ခုဖြစ်ပါသည်။

နေ့ရက်များကို ပျော်ရွင်စွာ ဖြတ်သန်းခြင်း

အလှအပ ကျန်းမာရေး စင်တာ နှင့် ရေကူးကန်

အားကစားခန်း နှင့် ရေကူးကန်

လေ့ကျင့်ရေး စက်ကိရိယာပြည့်စုံပြီး lockersနှင့် ရေချိုးခန်းစသည့် ၀န်ဆောင်မှုများ ရှိသည့် ကိုယ်ကာယ အားကစားရုံ အနီးအနားတွင် တည်ရှိခြင်းက သင့်ကိုယ်ခန္ဓာ လှပမှုကို ထိန်းသိမ်းရန်အတွက် သာမက ကျန်းမာရေး ပျော်ရွင်စေရန် အထောက်အကူပေး ပါလိမ့်မည်။ လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် သင်၏ ကောင်းမွန်သောဘဝကို ထိန်းသိမ်းထားနိုင်ပါမည်။ ခေတ်မီ ပြီးပြည့်စုံသော ရေကူးကန်က မိသားစုနှင့် သူငယ်ချင်း များနှင့်အတူ အနားယူ လေညှင်းခံရန် ကောင်းသော နေရာတစ်ခု ဖြစ်ပါသည်။ ကုန်းပတ်ပေါ်တွင် အနား ယူရင်း ဂေါက်ကွင်း အနီးရှိ လှပသောရှုခင်းများ ၀န်းရံနေသည့် ရေကူးကန်တွင် ရေကူးရခြင်း သို့မဟုတ် သင့်ကလေးများ နှင့် ရေကစားရခြင်းက ဘဝ၏ပျော်ရွှင်သော အနှစ်သာရများထဲက တစ်ခု ဖြစ်ပါသည်။

မြတ်နိုးဖွယ်ရာ ကောင်းသောအချိန်များကို အတူတကွ ဖြတ်သန်းခြင်း