FMI

ကုမ္ပဏီအချက်အလက်များ

FMI သည် ၁၉၉၀ ပြည့် နှစ်စတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုဥပဒေပြဌာန်းမှုနှင့် စျေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီးနောက် ဖွဲ့စည်းခဲ့သည့် ကနဦးဆုံး အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ဤကုမ္ပဏီသည် ကျွမ်းကျင်သော ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲခြင်းနှင့်ခိုင်မာကွဲပြားခြားနားမှုတို့အား အာသီသရှိနေသော ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများအတွက် ရုတ်ချည်းအောင်မြင်သောကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။ ၂၀၁၆ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့တွင် FMI သည် ရန်ကုန်စတော့အိတ်ချိန်း၌ ပထမဆုံး စာရင်းဝင်ကုမ္ပဏီဖြစ်လာခဲ့ပါသည်။

FMI ၏ စီးပွားရေးအရ ခိုင်မာတောင့်တင်းမှု အင်အားသည် ၄င်း၏ မဟာဗျူဟာမြောက် ဖြန့်ကျက်ရင်းနှီးမြှုပ်နှံထားရှိမှု တစ်ခုတည်းကြောင့် သာမဟုတ်ဘဲ ၄င်း၏ ကျွမ်းကျင်သောစီမံခန့်ခွဲမှု၊ တင်းကျပ်သောကုမ္ပဏီ အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှု တို့ကြောင့်လည်း ဖြစ်ပါသည်။ ဒါရိုက်တာအဖွဲ့ဝင်များသည် ကုမ္ပဏီစည်းမျဉ်းများကို တိကျစွာလိုက်နာ၍ ကုမ္ပဏီ၏လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မှန်ကန်စွာ ဆောင်ရွက်မှု ရှိစေရန်အတွက် လွတ်လပ်စွာ ဆောင်ရွက်ကြပါသည်။

FMI ၏ လက်ရှိအာရုံစိုက်မှုသည် ဘဏ္ဍာရေးဝန်ဆောင်မှု၊ အိမ်ရာဖော်ထုတ်တည်ဆောက်ရေးလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံသော “မဏ္ဍိုင်သုံးရပ်” မဟာဗျူဟာဖြစ်ပြီး တစ်ချိန်တည်းမှာပင် အခြားတိုးတက်မှုရှိသော လုပ်ငန်းများ၌ မဟာဗျူဟာမြောက် အခွင့်အလမ်းများကို ဆက်လက်ဖော်ထုတ်လျက်ရှိပါသည်။

ကုမ္ပဏီစတင်တည်ထောင်ချိန်းမှစ၍ အမြတ်အစွန်းနှင့် အမြတ်ဝေစု စဉ်ဆက်မပြတ်ထုတ်ပေးခြင်းကြောင့် FMI သည် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံးကုမ္ပဏီများအနက် တစ်ခုဖြစ်ပါသည်။

FMI ကုမ္ပဏီသည် မိခင်ကုမ္ပဏီနှင့် လက်အောက်ခံကုမ္ပဏီခွဲများပေါင်းစည်းထားသည့် အခြေခံစနစ်ဖြင့် လူပုဂ္ဂိုလ် (၃,၃၅၅) ဦးခန့်ကို အလုပ်ခန့်အပ်ထားရာ ၎င်းတို့အနက် (၁၉)ဦးမှာ FMI ကုမ္ပဏီရုံးချုပ်၌ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ကျွန်တော်တို့ဝန်ထမ်းများ၏ ၅၆% ခန့် (သို့မဟုတ်) (၁,၈၇၈) ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ကျန်ရှိသော ၄၄% (သို့မဟုတ်) (၁,၄၇၇) ဦးမှာ အမျိုးသားများ ဖြစ်ကြသည်။

SPA ၊ Yoma တို့နှင့် ဆက်သွယ်ပေါင်းစည်းထားခြင်း

FMI သည် ညီနောင်ကုမ္ပဏီများဖြစ်သော Serge Pun & Associates (SPA) နှင့် Yoma Strategic Holdings Ltd. တို့နှင့် နီးနီးကပ်ကပ် လက်တွဲလုပ်ကိုင်လျက် ရှိပါသည်။ ကုမ္ပဏီသုံးခုစလုံးကို ဦးသိမ်းဝေ (Serge Pun) က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ဦးရွက်ပြုပြီး မကြာခဏဆိုသလို စီမံကိန်းများတွင်အတူတကွ ပါ၀င်ဆောင်ရွက်ကြပါသည်။ FMI သည် အစုရှယ်ယာရှင်ထောင်ချီရှိသော မြန်မာနိုင်ငံ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီတစ်ခု ဖြစ်သလို SPA မှာလည်း ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ Yoma Strategic Holdings မှာ Singapore Stock Exchange (SGX) တွင် မှတ်ပုံတင်စာရင်းဝင်သော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။

ခံယူချက်သဘောထား

ကျွန်ုပ်တို့၏ Customer များ

အပြောင်းအလဲမရှိခြင်း၊ မျှတခြင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းစသည့် ကျွန်ုပ်တို့၏ SPA Quality Service အကောင်းဆုံး ၀န်ဆောင်မှုကို ပေးခြင်းဖြင့် ဖောက်သည်များ၏ ကျေနပ်မှုကို ဆောင်ကျဉ်းပေးပါမည်။ ကျွန်ုပ်တို့ ရှင်သန်ရပ်တည်နေမှုသည် “Customer” ကြောင့်သာ ဖြစ်သည်ဆိုသော အချက်နှင့် နှလုံးသားမှ ဖြစ်ပေါ်လာသော ၀န်ဆောင်မှုသည်သာ အနာဂတ်တွင် “Customer များ” ပိုမိုရရှိမည်ဆိုသော အချက်ကို မည်သည့်အခါမှ မေ့မည်မဟုတ်ချေ။

ကျွန်ုပ်တို့၏ရှယ်ယာရှင်များ

ကျွန်ုပ်တို့၏ အားထုတ်လုပ်ကိုင်မှုသည် ရှယ်ယာရှင်များအနေဖြင့် အမြတ်အများဆုံး ရရှိနိုင်ရေးအပေါ် အာရုံစိုက်နေရမည် ဖြစ်သည်။ အစုရှယ်ယာရှင်များက ကျွန်ုပ်တို့အားယုံကြည်မှုရှိခြင်းကို တန်ဖိုးထားပါသည်။ ဤကဲ့သို့သော ယုံကြည်အားထားမှုကို ဂုဏ်သိက္ခာ၊ Customer များ၏ကျေနပ်မှုနှင့် ထက်မြက်သော လုပ်ငန်းကျွမ်းကျင်မှုတို့ဖြင့် ရရှိထားသော အမြတ်အစွန်းတို့ဖြင့် ကျွန်ုပ်ပ်တို့ဘက်က ပြန်လည်ပေးဆပ်သွားမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့ လူနေမှုအသိုင်းအဝိုင်း

ကျွန်ုပ်တို့လုပ်ကိုင်နေသည့် ပတ်ဝန်းကျင်နှင့် လူနေမှုအသိုင်းအဝိုင်းတို့ကို ကျွန်ုပ်တို့အနေဖြင့် ဂရုစိုက်ပါသည်။ ကျွန်ုပ်တို့၏လုပ်ငန်းခွင် လူနေမှုအသိုင်းအဝိုင်းကို ကူညီပံ့ပိုးပြီး အကျိုးကျေးဇူးများစွာရရှိစေရန်နှင့် သဘာဝအရင်းအမြစ်များ၊ သဘာဝပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အတွက် ကျွန်ုပ်တို့အနေဖြင့် အလေးထားသွားမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ဝန်ထမ်းများ

ကျွန်ုပ်တို့အဖွဲ့အစည်းတွင် လူသည်သာအရေးပါဆုံးသော အရင်းအမြစ်အမြဲတစေဖြစ်နေမှာ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဝန်ထမ်းများသည် အမြဲတစေမျှတစွာ လေးလေးစားစား ဆက်ဆံခြင်းခံရမည် ဖြစ်ပါသည်။ ၀န်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် လူသားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေခြင်းတို့သည် ကျွန်ုပ်တို့ ကုမ္ပဏီအုပ်စု ရည်မှန်းချက်များ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်ရှုမြင်ပါသည်။ ၀န်ထမ်းများအနေဖြင့် မိမိကိုယ်မိမိ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုစွမ်းရည် ပိုမိုတိုးတက်စေရန်၊ ပိုမိုစွမ်းဆောင်နိုင်စေရန်နှင့် ပိုမိုထိရောက်မှုရှိစေရန်တို့ အတွက်ကြိုးပမ်းကြရာတွင်ရရှိနိုင်ခြေ အမြင့်ဆုံးသို့ရောက်ရှိစေရန် ကြိုးပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၀န်ထမ်းများ ဖွံ့ဖြိုးတိုးတက်မှု

ကုမ္ပဏီ၏ ၀န်ထမ်းများသည် ကုမ္ပဏီအတွက် အဖိုးတန်ဆုံး ပိုင်ဆိုင်မှုများဖြစ်ပြီး အရေးကြီးသည့် အရင်းအမြစ်ဖြစ်ပါသည်။ လေ့ကျင့်သင်တန်းပေးခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုသည် ကုမ္ပဏီ၏ ရည်မှန်းချက် အစိတ်အပိုင်း ဖြစ်ပြီး ၀န်ထမ်းများအား ကုမ္ပဏီအတွင်း စွမ်းဆောင်ရည်ပိုမိုထိရောက်စေရန်၊ ပိုမိုထုတ်လုပ်နိုင်စေရန် နှင့် လုပ်ငန်းနယ်ပယ် တွင် ပိုမိုကျွမ်းကျင်စေရန် အကူအညီပေး၍ ၄င်းတို့၏ အမြင့်ဆုံးစွမ်းဆောင်ရည်အဆင့်အထိ တိုးမြှင့်ပေးရန် ကုမ္ပဏီမှ ကြိုးပမ်းအားထုတ်သွားပါမည်။ ကုမ္ပဏီသည် ထိုက်တန်၍ အရည်အချင်းရှိသည့် ၀န်ထမ်းအား အခွင့်အလမ်းများပေး၍ ပိုမို ကြီးမားသည့်ရာထူး၊ တာဝန်ပေးအပ်ရန် တတ်စွမ်းသရွေ့ ကြိုးပမ်းလျက်ရှိပါသည်။ အလုံးစုံအရည်အချင်းဖွံဖြိုး တိုးတက်ရန် ၀န်ထမ်းများအား လေ့ကျင့်ပျိုးထောင်ခြင်းသည် ကုမ္ပဏီအတွင်း ကောင်းကျိုးပိုမိုဖြစ်ထွန်းရန် ၀န်ထမ်းများအား ကူညီ ပေးခြင်းပင်ဖြစ်ပါသည်။ကုမ္ပဏီသည် အရည်အချင်းရှိသည့် ပုဂ္ဂိုလ်များသာမက အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ ရှာဖွေသည့် လူငယ်များအား ကြိုဆို လျက်ရှိပါသည်။ ကုမ္ပဏီသည် ၀န်ထမ်းများအား ပညာရပ်မျိုးစုံတွင် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် တစ်ခုထက်ပိုသော စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်သည်ဟု ယုံကြည်ပြီး အမျိုးမျိုးသော တတ်ကျွမ်းမှုများ ရရှိစေရန် ၀န်ထမ်းများ အား လေ့ကျင့်သင်ကြားပေးပါမည်။

လုပ်ငန်းခွင်အတွင်းကျန်းမာရေးနှင့်
ဘေးအန္တရာယ်ကင်းရှင်းရေး

FMI သည် လုံခြုံမှုရှိပြီးကျန်းမာရေးအတွက် ကောင်းမွန်သည့် လုပ်ငန်းခွင် အားဖန်တီးနိုင်ရန် စဉ်ဆက်မပြတ်တိုးတက်မှုရှိအောင် ဆောင်ရွက်လျက်ရှိပါသည်။ ကုမ္ပဏီသည် တိကျသည့် စီမံကိန်းတစ်ခုစီအားအကောင်အထည်မဖော်မီ၊ အကောင်အထည်ဖော်နေစဉ်နှင့် အကောင်အထည်ဖော်ပြီးနောက် ဆုံးရှုံးနိုင်ခြေရှိမှုအား ပုံမှန်အကဲဖြတ် သုံးသပ်မည်ဖြစ်ပြီးလေ့လာသုံးသပ်ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ဆက်လက်ဆောင်ရွက်ခြင်းတို့အားပုံမှန်ဆောင်ရွက်ပါမည်။ လုပ်ငန်းခွင်အတွင်းကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးအလေ့အကျင့်များစဉ်ဆက်မပြတ် တိုးတက်မှုကိုအထောက်အကူပြုရန် လေ့ကျင့် သင်တန်းပေးခြင်းနှင့် ညွှန်ကြားပြသခြင်းတို့အားပုံမှန်ဆောင်ရွက်ပါမည်။ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဌာနဒါရိုက်တာနှင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာနခေါင်းဆောင်တို့သည် ပုံမှန်ဘေးအန္တရာယ်စစ်ဆေးခြင်းနှင့် စမ်းသပ်မှု တို့အားဆောင်ရွက်ရမည်။ မတော်တဆမှုမှတ်တမ်း၊ ကျန်းမာရေးကိစ္စရပ်များ၊ ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းဝင်သင်တန်းများ၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးလစဉ်အစီအစဉ်များ၊ လုပ်ငန်းမြှင့်တင်ရေးအစီအစဉ်များပါ၀င်သည့် လစဉ်လုပ်ငန်းခွင် ကျန်းမာရေး နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးစာတမ်းအား အကြီးတန်းစီမံခန့်ခွဲသူအဖွဲ့ထံတင်ပြရမည်။ ကုမ္ပဏီသည် အလုံးစုံရည်မှန်းချက်ပြည့်မီစေရန် လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ထိရောက်သည့်အစီအစဉ် အားရေးဆွဲအကောင်အထည်ဖော်ကာထိန်းသိမ်းရမည်။ ကုမ္ပဏီသည် အောက်ပါလုပ်ငန်းတို့အားဆောင်ရွက်ပါမည်။ ဘေးအန္တရာယ်များအား ကြိုတင်ခန့်မှန်းပြီး ၀န်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု/ဖျားနာမှု သို့မဟုတ် ပစ္စည်းကိရိယာဆုံးရှုံးပျက်စီးမှုမှ ကာကွယ်ရန် ဘေးအန္တရာယ်များအားဖယ်ရှားရမည်။ သက်ဆိုင်ရာကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာဥပဒေနှင့် အခြားလိုအပ်ချက်များ ပြည့်မီစေရန် အမြင့်မားဆုံးအခြေအနေအထိလိုက်နာဆောင်ရွက်ကြောင်းသေချာစေခြင်း၊ မတော်တဆမှုများနှင့် ဒဏ်ရာရရှိမှုများကာကွယ်ရန် ၀န်ထမ်းများနှင့်ကန်ထရိုက်တာများအားလေ့ကျင့်သင်ကြားခြင်းနှင့် ပညာပေးခြင်း၊ ကျန်းမာသည့် လူမှုဘဝရရှိရန် အဆင့်မြှင့်တင်ခြင်း၊ ကုမ္ပဏီ၏ စက်ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများအားအကောင်းဆုံးထိန်းသိမ်းကာကွယ်ရန် သင့်လျော်သည့် စီမံမှုများအားအကောင်အထည်ဖော်၍ စစ်ဆေးရမည်။